တော်ပြီ အစ်ကိုရယ်

”သဲ ရောက်တော့မယ်”

ကိုက အသာလှုပ်နှိုးတော့မှ မိမိ ခါးလေး မတ်လိုက်သည်။ အပြင်ဘက် ကြည့်မိတော့ တရိပ် ရိပ်ပြေးနေသော သစ်ပင် တောင်ကုန်းများကို တွေ့နေရသည်။

”အင်း”

ရှုပ်ပွနေသော ဆံပင်ကိုသပ် တွန့်နေသော အင်္ကျီကို အသာဆွဲချလို့ မိမိတို့ နှစ်ယောက်အပေါ် ခြုံထားသော စောင် ကိုလည်း ဆွဲဖယ်ခေါက်သိမ်းသည်။

”ကို ညက အရမ်းဆိုးတာပဲ”

”သဲ ကလည်းကွာ ချစ်လို့ပေါ့”

ပြောရင်းနဲ့ ကိုယ်က မိမိပါးလေးကို ရွှတ်ခနဲ နမ်းသည်။

”တော်ပါ”

ချောင်းသာသို့ ရောက်ခါနီးလို့ လမ်းတွေက အကွေ့အကောက် ပိုများလာသည်ထင်သည်။ကားကြီးက လှုပ်ရမ်းနေသည်။ မိမိတို့ ရှေ့ခုံက လင်မယားနှစ်ယောက်တော့ အိပ်ပျော်နေသေးလားမသိ။ တုပ်တုပ်မှ မလှုပ်။

”ဟိုနှစ်ယောက်တော့ အိပ် ကောင်းနေတယ် ထင်တယ် ကို ဟင်း ဟင်း”

”အိမ်မှာ မအိပ်ရဘူးထင်တယ် သဲ ရ”

ကို့ ပုခုံးလေးကို မှီလိုက်တော့ လက်တစ်ဖက်က မိမိကို အလိုက်သင့် ထွေးပွေ့သည်။ မိမိ တို့ နှစ်ယောက် အလုပ်များ မအားသည့်ကြားမှ ကို က အပန်းဖြေခရီး ထွက်ရအောင်ဆိုပြီး မဖြစ်မနေ စီစဉ်၍ အခုလို ရောက်ဖြစ်ခြင်းပင်။ အိမ်ကိုတော့ ဟို လင်မယားနှစ်ယောက်က အတိုင်အဖောက်ညီညီ ပြောပေးလို့ အဆင်ပြေသွားသည်။

”ကိုပြည့်” နှင့် ”ဆု” တို့က မိမိ နှင့် ငယ်သူငယ်ချင်းတွေ။ သူတို့ နှစ်ယောက် ရည်းစားသက်တမ်း ၂ နှစ် အကြာတွင် ယူလိုက်ကြသည်။ အခု အိမ်ထောင်သက် ခြောက်လ ကျော် သည်အထိ ”ဆု” က မိမိကို တိုင်တိုင်ပင်ပင်နှင့် သူတို့ အကြောင်းတွေ ပြောပြသည်။

”ကို” ကတော့ ကိုပြည့် သူငယ်ချင်းလေ။ ”ဆု”တို့ သမီးရည်းစား ဘဝ ကတည်းက ”ဆု” က အဖော် အဖြစ် မိမိကို ခေါ်သလို ”ကိုပြည့်” ကလည်း သူငယ်ချင်း ”ကို့” ကို ခေါ်ခေါ်လာသည်။ ကြာတော့လည်း အောင်သွယ်ချင်း ညိကြသည်ပေါ့။

”ကို” က အင်ဂျင်နီယာ မိမိက လည်း အင်ဂျင်နီယာ ဆိုတော့ အယူအဆတူ ဝါသနာတူချင်း ဆုံကြတော့ ချစ်လိုက်ရတာ။ သွားအတူ လာအတူ ။ နောက်ဆုံး ”ကို” က အဆင့်တွေ ကျော်လာတော့လည်း မိမိ လိုက်လျောမိသည်။ ”ကို” နဲ့ ရည်းစား ဖြစ်တာ အခုဆို တစ်နှစ်ကျော်ပြီလေ။

”သဲ ဘာတွေ တွေးနေလည်း”

”ဟင့်အင်း ဒီလိုပါပဲ”

နေပူထဲ အထုပ်ဆွဲပြီး ဟိုသွား ဒီသွား သွားရတာများလာတော့ ချွေး တွေပြန်ပြီး မောလာသည်။ လူများရက်မို့လားမသိ။ ဟိုတယ်တွေက အခန်းတွေ ရှိပေမယ့် သီးသန့် နှစ်ယောက်ခန်းတွေက လူပြည့်နေတာများသည်။ ကြိုပြီး ဘိုကင် လုပ်ထားလိုက်ရင် အကောင်းသား။

”ကို ဘယ်လိုလုပ်မလဲဟင်”

”ရှိမှာပါ ”

”လိုတာ မရှိတော့လည်း ရှိသလိုပေါ့ကွာ”

ကိုပြည့်ပြောတော့ ဆု ကပါ ခေါင်းညိမ့်သည်။ ကမ်းခြေသို့ မျက်နှာမူနေသည့် ”ရွှေစည်းစိမ်” ဟိုတယ် မှာ ဝင်မေးဖြစ်တော့လည်း နှစ်ယောက်ခန်းတွေက ပြည့်နေပြန်သည်။ ဒါပေမယ့် အပေါ်ဆုံးထပ် မှာတော့ လေးယောက်ခန်း ခုတင်နှစ်လုံးပါ တစ်ခန်းရမည်ဟု ပြောသည်။

”ဘယ်လိုလဲ”

ကိုပြည့်က မိမိတို့ဘက်လှည့်၍ မေးသည်။

”မရတဲ့ အဆုံး ဒီလိုပဲ နေရမှာပေါ့ ဆု နဲ့ သဲ ရော ဘယ်လို သဘောရလဲ”

ကိုက မိမိနှင့် ဆုဘက် လှည့်၍ မေးသည်။

”ရပါတယ် ဆုက တို့တွေ သိုက်သိုက်ဝန်းရှိတာပေါ့ သဲကိုသာ အားနာတာ သူ့ကိုကို နဲ့ လွတ်လွတ်လပ်လပ်နေချင်လားမသိ”

အခြေအနေ က မိမိ ဘက်လှည့်လာသည်။

”ကိစ္စ မရှိဘူး ကိုတို့ သဘောပါနော် သဲကတော့ လောလောဆယ် နားချင်တာပဲ သိတယ်”

ဒီလိုနဲ့ အခန်းယူဖြစ်သည်။ လေးရက်စာ။ အခန်းခ နှင့် ကျသမျှ အားလုံး တစ်တွဲ တစ်ဝက်ဆီ ကျခံဖို့ အရင်ကတည်းက တိုင်ပင်ပြီးသား။ အခန်းထဲရောက်တော့ အထုပ်တွေချ ခုတင်ပေါ်ထိုင်ရင်း အခန်းအနေအထားကို လေ့လာဖြစ်သည်။

နှစ်ယောက်အိပ် ကုတင်နှလုံးက ဘေးချင်းယှဉ်လျက် ကမ်းခြေဘက်သို့ ခေါင်းပေးထားသည်။ ကုတင် ခြေရင်းတွင် ဗီရို နှစ်လုံး ပစ္စည်းများတင်ရန် ခုံပုလေးတွေ ရှိပြီး နောက်ဘက်ရှိ တံခါးမှတဆင့် ရေချိုးခန်း အိမ်သာသို့ သွားနိုင်သည်။ မိမိ ခုတင် ခေါင်းရင်းရှိ ပြတင်းတံခါး ဖွင့်လိုက်ပြီး ကမ်းခြေနှင့် အဆုံးအစ မရှိ ပင်လယ်ပြင်ကြီးကို ငေးကြည့်နေမိသည်။

”သဲ ကိုတို့ အဝတ်အစား လဲရအောင် ပြီး ရင် ရေသွားဆော့မယ်”

ကိုက ပုခုံးလေးပုတ်၍ ပြောသည်။

”အင်း”

မိမိ လှည့်ကြည့်လိုက်တော့ ကိုက ရွှတ်ခနဲ နမ်းပြန်သည်။

”ကိုနော် ဟိုနှစ်ယောက် ရှိတာ တော်တော်ကဲနေ”

”အယ် ဟိုနှစ်ယောက်ရော”

”အဝတ်တွေယူပြီး ရေချိုးခန်းထဲ ဝင်သွားတယ်လေ ရေချိုး အဝတ်လဲမှာပေါ့ ရေချိုးခန်းက အကျယ်ကြီး သဲရဲ့”

ကိုက ပြောပြောဆိုဆို အဝတ်အစားလဲဖို့ လုပ်နေသည်။ မိမိ အဝတ်အစားလဲဖို့ ချီတုန်ချတုန် ဖြစ်နေသည်။ ကိုနဲ့ အရင်းနှီးဆုံး အခြေအနေ ဆိုပေမယ့် ရှက်သလိုလို ချည်း ဖြစ်နေသည်။ မိမိ ဝတ်လို့ အဆင်ပြေမည် ဆိုတာလေးတွေ ရွေးလိုက်သည်။

”ကို ဟိုဘက်လှည့်”

”ဟာ ဟ”

ကို လှည့်သွားတော့မှ မိမိ အပေါ် အင်္ကျီ ချွတ်လိုက်သည်။ လတ်ဆတ်သောလေ နှင့် အဆုံးအဆမရှိသော ပင်လယ်ပြင်ကြီးကို မျက်နှာမူ၍ မိမိ လက်များ ဆန့်တန်းထားမိသည်။ ရင်ထဲက သောကတွေ ပြေငြိမ်းသွားပြီး လူတကိုယ်လုံးပေါ့ပါး လန်းဆန်းသွားသလိုပါ။

မိမိခါးလေးကို နောက်မှ သိုင်းဖက်တာခံလိုက်ရပြီး စိုစွတ် အေးမြသော ခန္ဒာက နောက်ဘက်မှ ထိကပ်လာသည်။ ကိုက မိမိ ထက် အရပ်ရှည်သည်လေ။မိမိမော့ကြည့်လိုက်တော့ ကိုက နဖူးလေး နမ်းသည်။

”လုပ်ပြန်ပြီ လူတွေ ရှိပါတယ်ဆို ”

”သဲ ကလည်းကွာ ဒါရှက်စရာလား”

ကိုက တင်းကျပ်စွာ ဖက်ထားလို့ မာကျောကျော အရာက မိမိ ခါးအောက် လာထိသည်။

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top