မင်းကြောင့် ဒါတွေဖြစ်ကုန်ပြီ

“ အစ်ကိုလေး ….”

အိပ်မပျော်ပဲ မျက်လုံးကြောင်နေသော ကိုသက်အောင် လန့်သွားသည်..။

“ ဟင်… ပုံ့ပုံ့ … မအိပ်သေး ဘူးလား…..”

ကွယ်လွန်သူ ဇနီးသည်နှင့် ချစ်တင်းနှီးနှောခဲ့ပုံကလေးများကို ပြန်လည် စမြုံ့ပြန်နေသော ကိုသက်အောင်ရဲ့ ဘော်ဒါကြီးက တင်းမတ်နေသည်..။ ပုံ့ပုံ့က အဲဒါကြီးကို တွေ့ဖြစ်အောင် တွေ့လိုက်လေသည်..။

“ မမသီ သားတွေက အရမ်းသေးပေါက်တာပဲ…”

ကိုသက်အောင် မြင်သာအောင် အနှီးနှစ်ထည်ကို ကိုင်ပြီး မြှောက်ပြလိုက်သည်..။ ကိုသက်အောင် ကုတင်ပေါ်မှထကာ ပုံ့ပုံ့ အနားသို့ လာခဲ့သည်..။ ပုံ့ပုံ့ထံမှ သနပ်ခါးနံ့ သင်းသင်းလေးကို ဦးစွာ ရှူရှိုက်မိလိုက်ရသည်..။

“ ထားခဲ့လေ….မိုးလင်းတော့ ..ငါလျှော်လိုက်ပါ့မယ်….“

“ အို….မဟုတ်တာ….”

ပုံ့ပုံ့က လက်ကို ပြန်ရုတ်ပြီး ပြောလိုက်သည်..။ ဝတ်ထားသော ညဝတ်အင်္ကျီလေးအောက်မှ ရွှေရင်နှစ်မွှာက အခုအခံမပါ လွတ်လပ်စွာ…လှုပ်ရှားနေကြသည်..။ ဖြူဝင်းနုနယ်သော ပုံ့ပုံ့ မျက်နှာလေးက တစ်စုံတစ်ရာကို တောင်းခံနေသလို မော့ပေးထားသည်..။ ကိုသက်အောင် ရင်တွေ ပူလာသည်..။ ဆီးခုံအထက်မှ ကျင်အောင့်သလို ( လိုးချင်လွန်းအားကြီး ) သော ဝေဒနာတစ်ရပ်ကိုလည်း ခံစားလိုက်ရသည်..။
Watch Exclusive Japanese Adult Videos

“ ပုံ့ပုံ့….နင့် ကို…ငါ….ငါ လေ……..”

“ အိုး…….ဖယ်ပါ….စည်းမရှိ..ကမ်းမရှိ….မလုပ်ပါနဲ့……”

ပုံ့ပုံ့ ဆတ်ခနဲ လက်ကို ဆောင့်ရုန်းလိုက်ပြီး ထွက်သွားလေတော့သည်..။ ခက်လိုက်တာ…ဒီဝေဒနာ…။ ဘာနဲ့ ကုစားလို့ရမှာလဲ…မိပုံ့ရယ်….။ သီရယ်….မောင့်အဖြစ်ကို မြင်လှည့်စမ်းပါအုံးလား…မိန်းမ ရယ်…။

———————–

“ မောင်သက်အောင် ခရီးထွက်မလို့…ဆို…….”

“ ဟုတ်ကဲ့..ဒေါ်လေး….ကျနော့်အမေရှိတဲ့ ရွာကိုပါ….”

“ ဟိုမှာ ဘယ်လောက်ကြာမှာလဲ…မောင်သက်အောင်……”

“ အဆင်ပြေသလိုပါပဲ….ဒေါ်လေးရယ်…၊ သားတွေကို အမေက မြင်ချင်နေသေးတယ်….၊ သီမရှိတဲ့ နောက် တောမှာ လာနေဖို့ ခေါ်နေတာ…”

“ ဒါဆို…မောင်သက်အောင် ဟိုမှာပဲ အခြေစိုက်တော့မှာပေါ့…. ဟုတ်လား…”

“ အင်း…..ဆိုပါတော့..ဒေါ်လေးရာ….”

“ မင်းသားတွေ ပညာရေး လဲ ရှိသေးတယ်နော်….မောင်သက်အောင်…”

“ ကျနော် မေ့မပစ်ပါဘူး…စိတ်ချပါ…..ဒေါ်လေးရယ်…“

သင်္ကြန်ရက်ကြီးမှန်း ကိုသက်အောင် အမှတ်ရသည်..။ ပုံ့ပုံ့ နှင့် အဖော်တစ်စု ရေပက်ခံ ထွက်ရာမှ ပြန်လာကြသည်..။

“ ဖေဖေရေ…သားသားတို့ကို ပြွတ်အသစ်တွေ ဝယ်လာတယ်… ဒီမှာ….”

ပုံ့ပုံ့က ဘယ်သွားသွား ဘယ်က ပြန်လာလာ ကိုသက်အောင် သားနှစ်ယောက်အတွက် ကစားစရာနှင့် မုန့်တစ်ခုခုကတော့ ပါလာတတ်စမြဲပင်…ဖြစ်သည်..။

“ ဒီမှာ နင့်အစ်ကိုလေးက သူ့ရွာပြန်တော့မလို့တဲ့….”

“ ဟင်…..ခလေးတွေရောလား….မေမေ…….”

“ အေးပေါ့ဟဲ့…သူ့ခလေးတွေ ဘယ်ထားရက်ခဲ့ပါ့မလဲ….မဟုတ်တာ…”

ပုံ့ပုံ့ ငိုင်တွေတွေလေး ဖြစ်သွားရသည်..။ သူငယ်ချင်းများကိုပင် နုတ်မဆက်တော့ပဲ အိမ်ပေါ် သို့ ပြေးတက်လာသည်..။ ကိုသက်အောင်တို့ သားအဖတွေက ပြင်ဆင် ထုပ်ပိုးပြီးကုန်ကြပြီ ဖြစ်သည်..။

“ သား…ကိုကြီး…အန်တီလေးနဲ့ နေခဲ့မလား…ဟင်……..”

“ဟင့်အင်း…ဖေကြီးနဲ့ပဲ လိုက်သွားမှာ….သင်္ဘောစီးမှာနော်….ဖေကြီး….”

ပုံ့ပုံ့ နုတ်ခမ်းလေး ပြတ်ထွက်လုမတတ် ကိုက်ထားသည်..။ စူးရှပြီး အဓိပ္ပါယ်ပြည့်ဝသည့် အကြည့်များနှင့်လည်း ကိုသက်အောင်ကို ကြည့်သည်..။

“ ဟင်း….ရပါတယ်….သွားကြပါ….သွားကြ..ခုသွားကြ……“

ကိုသက်အောင် ရင်ခွင်ထဲမှ သားငယ်လေးက လန့်ငိုသည်..။ စူးစူးဝါးဝါး အော်ဟစ်လိုက်သော ပုံ့ပုံ့အသံက ဟိန်းတက်သွားသည်..။

“ ဟဲ့….ဒီကောင်မလေး….ဘေးအိမ်တွေ ကြားကုန်ပြီ….ခက်တော့တာပဲ….”

ဒေါ်လေးက အပြေးအလွှား လာဆူပြီး ပုံ့ပုံ့ကို အိပ်ခန်းထဲ ဆွဲခေါ်သွားသည်..။

“ အဲဒါကြောင့် သမီးကို ပြောတာ….မေမေတို့ စီမံသလို နာခံပါလို့….”

“ ဟင်း……ဝေးသေးတယ်…..အစ်မသေလို့ ညီမကို ဆက်ယူတဲ့ လူတွေထဲမှာ ကျမ အပါမခံနိုင်ဘူး…. နေပါစေ….ခလေးတွေကို လွမ်းရလို့ သမီးအသဲတွေ ကွဲချင်လဲ ကွဲပစေ…ဒီလိုမျိုးတော့ ဘယ်တော့မှ မယူဘူး….”

“ ဟာ…..တိုးတိုးလုပ်စမ်းပါ..ဟယ်… မယူချင်လဲ နေ… ဘေးအိမ်တွေကြားလို့ ရှက်စရာတွေ ဖြစ်ကုန်မယ်….”

ကိုသက်အောင် အသံတွေကို ကျောခိုင်းပစ်လိုက်သည်..။ အိမ်ရှေ့၌ ခေါ်ထားသော မာဇဒါလေးဘီးကားလေးက အဆင်သင့် ရောက်လာသည်..။ ထိုင်တတ်ခါစ ကလေးငယ်ကို ဒရိုင်ဘာအား ခဏချီခိုင်းထားပြီး အထုပ်အပိုးတွေကို ကားပေါ် ပစ်တင်ပြီး သားကြီးကို လက်ဆွဲကာ ပြေးဆင်းခဲ့ကြသည်..။

နေရစ်တော့ ပုံ့ပုံ့….နင်အမုန်းကြီးမုန်းတဲ့ လူတစ်ယောက် နင့်မျက်စိအောက်မှာ ဘယ်တော့မှ မမြင်စေရတော့ပါဘူး… ပုံ့ပုံ့ရယ်…။ ရင်ထဲမှာ တစစ်စစ် နာကျင် ကိုက်ခဲနေလေသည်..။ သားကြီးက ဖြတ်သန်းမောင်းနှင်သွားနေသော ကားများကို တာ့တာလုပ်ရင်း လိုက်ပါလာသည်..။ သားငယ်လေးကမူ ကားသံ ဟွန်းသံများ ကြားတိုင်း ဖအေ့လည်ပင်း ကို တင်းတင်းလေး ဖက်ထားတတ်သည်..။

လေယူရာ လွင့်ရပေအုံးတော့မည်…။ အရာခပ်သိမ်းရွေ့လျားပြောင်းလဲနေတာပဲ မဟုတ်လား….။
ကိုသက်အောင် ဆိုတာကလည်း လောကကြီးထဲက လူသားတစ်ယောက်ပေကိုး…။ လောကဓံ တရားက ကျီစားခြင်းကိုတော့ ခံပေအုံးပေါ့…။ ကိုသက်အောင် ဇာတိမြေ မဟုတ်သော ရွာကလေးက အမေ့ချက်မြှုပ်ရွာဖြစ်သည်..။ လူမှန်း သိတတ်စကတည်းက ရန်ကုန်မှာ ကြီးပြင်းလာခဲ့ရသည့်အတွက် တောရွာလေး၌ မြင်မြင်သမျှ သစ်ဆန်းနေသည်..။ အော်…ဒုက္ခနှင့် ရင်ဆိုင်ရမှ မိဘအရိပ်ကို သတိရတတ်ကြလေခြင်းပါ…လား……။

“ ဒီမှာ….ခင်ဗျာ…(….) ရွာလေးကို ဘာနဲ့ သွားရမလဲ ..ခင်ဗျာ…”

“ ဟ…နေအုံး…တောရွာက လှည်းကြုံ ရှိတယ်….၊ ဟေ့ ချက်ဖောင်း…. ”

တောရွာလေးမှ ထင်းလာချသော လှည်းကြုံနှင့် ကိုသက်အောင်တို့ သားအဖတစ်တွေ လိုက်လာကြရသည်..။ သစ်ကြီးဝါးကြီး စိမ့်အေးနေသော ပတ်ဝန်းကျင်၌ တဒင်္ဂ ငြိမ်းချမ်းသာယာသော အရသာကို ခံစားရသည်..။

“ ခလေးက ငယ်ငယ်လေးပဲ…မအေကရော…ဗျ….ကိုယ့်ဆရာ…”

“ ဆုံးသွားတာ…တစ်နှစ်ပဲ ရှိသေးတယ်…ဗျာ…တောမှာ အမေရှိတယ်…လေ…..”

“ဘယ်သူများတုန်းဗျ….ဟဲ့…အော်…ဒီနွား…“

“ ဒေါ်နန်းအိမ်ပါ…သိလားဗျ…”

“ဟား…သိပ်သိပေါ့ဗျာ…. ဒါဆို ကျန်းမာရေးမှူး ကိုသက်မောင်နဲ့ ညီအစ်ကိုပေါ့.. ဟုတ်လား…၊ မြို့မှာ အစ်ကိုတစ်ယောက်ရှိတယ်ပြောတာ ခင်ဗျားကိုး…”

“ ကိုသက်မောင်က အငယ်ပါ…ဟုတ်တယ်…ကျနော်က အကြီးလေ…”

လှည်းက အမိုးတော့မပါ..၊ စောင်းကျနေသော နေရောင်တွင် ချွေးပြန်နေကြသည်..။ သားကြီးက လှည်းစီးရသည်ကို အပျော်ကြီး ပျော်နေရှာသည်..။ ရွာအဝင် လှည်းလမ်းက ဂဝံကျောက်များနှင့် နိမ့်ဆင်းသွားသည်..။

“ မြဲမြဲ ကိုင်ထားဗျို့…ကျုပ်နွားတွေက ထိန်းရတာ နဲနဲခက်တယ်..”

လှည်းသမား ချက်ဖောင်းက ပြောပြောဆိုဆို နဖားကြိုးကို တောင့်ပေးရင်း လှည်းလမ်းချောက်အတိုင်း မောင်းချလိုက်သည်..။ ဝရုံးသုံးကားလေး ဖြစ်သွားသည်..။

“ ဗျိုး ဆရာလေး….မြို့က ခင်ဗျားအစ်ကို လာသဗျို့….ပစ္စည်းတွေနဲ့…”

ချက်ဖောင်းက အသံဝါကြီးနဲ့ အော်ပြီး အိပ်ယာလိပ် ၊ သေတ္တာများ ချပေးသည်..။ ကိုသက်နှင့် သူ့မိန်းမတို့ အပြေးအလွှား ထွက်လာကြသည်..။

“ ကိုကြီး သတင်းကြားပြီးကထဲက မျှော်နေကြတာ….”

“သီ…ဆုံးဆုံးချင်း လာဘို့ပဲ…ကိုသက်…. ၊ သီ့ ဆွေမျိုးတွေက ဆွဲထားလို့…”

စကားတပြောပြောနဲ့ အိမ်ခြံဝိုင်းထဲ ဝင်လာခဲ့ကြသည်…။ သရက်ပင်အိုကြီးများ ၊ ဝါးပိုးဝါးများကြောင့် နေရောင်မထိုးပဲ စိမ့်အေးနေသည်..။

“ ဦး….ဦးရေ…ဦး….ဒီမှာ ရေဒီယိုလေး ကျကျန်ခဲ့တယ်……”

“ ဟာ…ဟုတ်သားပဲ….ဘယ်နားက တွေ့တာလဲ..သမီး..ဟင်….”

“ ရွာအဝင်…လှည်းလမ်းချောက်ထဲက….”

ကိုသက်အောင် ရေဒီယိုလေး ကမ်းပေးနေသော မိန်းခလေးမျက်နှာကို အမှတ်မထင် ကြည့်လိုက်မိသည်..။ ရင်ထဲဝယ် ဒိန်းခနဲ ခုန်လှိုက်သွားရသည်..။

“ ပုံ့ပုံ့နဲ့ တူလိုက်တာ….”

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top