စိတ်ထဲမပါရင် ဘာမှမလုပ်ဘူး

လည်ပင်းမှာ ရှုပ်ယှက်ခက်နေတဲ့ ပန်းကုံးတွေ စားပွဲပေါ်ပစ်တင်ရင်း နှုတ်ခမ်းမှာ ဆိုးထားတဲ့ အနီရဲရဲ နှုတ်ခမ်းနီကို တစ်ရှုးနဲ့ ပွတ်သုတ်ပစ်တယ်။ ခုံပေါ်ထိုင်ချရင်း သောက်ရေဘူးဆီ လက်အလှမ်း…

“ရှေး…နင့်ကို ဂျာကြီးလှမ်းခေါ်နေတယ်… ဘိုးတော်တွေဝိုင်းမှာ”

“ငါအမောတောင် မပြေသေးဘူး”

“အဲ့ဒါဆို ငါသွားလိုက်ရမလား”

“သွားချင်သွားလေ…ငါမလာနိုင်ဘူးပြောလိုက်”

ကိုယ်လုံးနည်းနည်းသွယ်ပေမဲ့ မျက်နှာဝိုင်းဝိုင်းကလေးပုံစံလေးနဲ့ ညိုက မျှော်လင့်တကြီးနဲ့မေးတယ်… ဧကန်န ခုချိန်ထိ လူမရသေးဘူးထင်တယ်…

“ငါ တကယ် သွားရမလားဟင်”

“အင်း သွားလိုက်…ငါနေမကောင်းလို့ အခုပဲ ပြန်တော့မှာလို့”

“ကျေးဇူးပဲဟာ..ငါသွားတော့မယ်”

“အင်း”

ညို ထွက်သွားမှ ရေဘူးကို မော့သောက်ရင်း အိတ်ထဲက ဖုန်းကို ဆွဲထုတ်တယ်…

“ရှေး”

နှစ်ပေါင်းများစွာ.. ရင်းနှီးနေတဲ့ အသံတစ်ခု…

“နင်ပြန်တော့မှာဆို… ငါပြန်လိုက်ပို့မယ်”

“ငါ ဒီည အိမ်ပြန်မှာ…”

“ဘယ်ပဲပြန်ပြန်… ငါလိုက်ပို့မယ်”

“မလိုဘူး”

ခပ်ပြတ်ပြတ်ပြောရင်း စားပွဲပေါ်က ကိုယ့်ပစ္စည်းတချို့ အိတ်ထဲ ကောက်ထည့်ပြီး လှည့်အထွက်…

“ရှေး”

ခေါ်သံနဲ့အတူ နီးကပ်လာတဲ့ မျက်နှာ.. ထို့နောက် ကျမ နှုတ်ခမ်းပေါ် နွေးထွေးတဲ့ နှုတ်ခမ်းတစ်စုံ ကျရောက်လာတယ်… သူ့လက်တွေက ကျမ ခါးကို သိုင်းဖက်လာတဲ့အခါ…

“အွင့်”

ကျမ တင်ပါးလေး စားပွဲအစွန်းမှာ မှီမိသွားတဲ့အထိ ခပ်ကြမ်းကြမ်း တွန်းဖက်ရင်း နေနေ ကျမနှုတ်ခမ်းကို မွတ်သိပ်စွာနမ်းတယ်..

“ပြွတ် ပြွတ်”

“နင်..ဘာလုပ်…အင့်”

သူ့လက်တွေ ကျမခေါင်းကို ထိန်းကိုင်ရင်း အငမ်းမရထပ်နမ်းတယ်… နှုတ်ခမ်းခြင်း နမ်းနေရင်း သူ့လျှာနွေးနွေးက ကျမ နှုတ်ခမ်းတွေကို ပွတ်သပ်ကျီစယ်ရင်း ကျမပါးစပ်ထဲ တိုးဝင်လာတယ်… ကျမ မျက်တောင်ဖျားတွေ စင်းကျသွားတယ်…

“ပြွတ် ပြက် ရှလွတ် ရှလပ် ”

အလိုလိုနေရင်း ကျမလက်တွေ သူ့လည်ပင်းကို သိုင်းဖက်ရင်း စိတ်ပါလက်ပါ ပြန်နမ်းမိတယ်…

“ရှေး… နင့်ကို… အဲ့.. ဆောရီး”

အလောတကြီးနဲ့ အခန်းထဲဝင်လာတဲ့ ညိုက ကျမတို့နှစ်ယောက် ဖြစ်အင်ကိုတွေ့ပြီး ပြုံးစိစိနဲ့ ပြန်ထွက်သွားတယ်… နှုတ်ခမ်းတွေကို နမ်းရင်း အသက်ရှုမဝတော့ဘူး ထင်ပါရဲ့… သူ့နှုတ်ခမ်းတွေ ကျမလည်ပင်းပေါ်ကို ဖြန့်ကျက်လာတယ်..

“ဟဟ… ယားတယ် ဟျောင့်”

ခပ်ဟဟရယ်ရင်း သူ့ခေါင်းကို ကျမ အတင်းတွန်းဖယ်ပစ်တယ်… သူကလဲ မရမက အတင်းအကျပ်လိုက်နမ်း…

“တော်ပြီကွာ… ပြန်တော့မှာ”

ကျမ သူ့ရင်ဘတ်ကို အားနဲ့တွန်းဖယ်ပစ်မိတော့…ကျမခါးကို ခပ်ဖွဖွဖက်ရင်း… ကျမ မျက်လုံးကို တည့်တည့်စိုက်ကြည့်ပြီး… သူက…

“ချစ်တယ်”

“နင် မူးလာတာလား”

လို့ ကျမပြောမိတော့ သူက မျက်မှောင်ကျုံ့ပြီး…

“မူးစရာလား… ငါ ဘယ်တုန်းက အရက်သောက်လို့လဲ”

“အေ့လေ.. အရင်က မသောက်ပဲ အခုသောက်ချင်သောက်လာမှာပေါ့”

ခါးကိုဖက်ထားတဲ့ လက်တွေကို တွန်းဖယ်ချရင်း ကျမရုန်းတော့ သူကြည်ကြည်ဖြူဖြူ လွှတ်ပေးတယ်…

“နင် ငါ့ကို ဘယ်တော့ လက်ထပ်မှာလဲ”

“…”

ကျမ အိတ်ကို လွယ်ရင်း သူလုပ်လို့ ပွသွားတဲ့ ဆံပင်တွေကို ပြန်ရှင်းဖို့ စိတ်မကူးတော့ပဲ သားရေကွင်းနဲ့ ခပ်မြင့်မြင့် စုချည်လိုက်တယ်…

“ရှေး.. ငါနင့်ကို လက်ထပ်ခွင့် တောင်းနေတာ ၃ နှစ် ၃ မိုး မကတော့ဘူးနော်…”

“နင် ၃ နှစ် ၃ မိုးမက တောင်းနေသလို… ငါလဲ နင့်ကို ၃ နှစ် ၃ မိုးမက ငြင်းနေတာပဲ.. ခုလဲထပ်ငြင်းမယ်… ငါနင့်ကို ဘယ်တော့မှ လက်မထပ်ဘူး”

သူစိတ်မရှည်စွာ ကျမအိတ်ကို ဆွဲရင်း..

“အဲ့ဒါဆို ငါက နင့်အတွက် ဘာလဲ”

“သူငယ်ချင်းလေ… နင်ကငါ့ရဲ့ ထာဝရ အကောင်းဆုံး သူငယ်ချင်း”

“ရှေး..”

“တော်ပြီ… နေနေ ငါတို့ အဲ့ကိစ္စ ဒီမှာတင်ရပ်ရအောင်”

“ဘာကို ရပ်စရာလိုသလဲ.. နင်နဲ့ငါက ဘာလဲ.. နင် စိတ်ဖြေဖို့အတွက် သုံးတဲ့ အရုပ်တရုပ်လား…”

“အရူးမထစမ်းပါနဲ့… နေနေ..”

“အရူးမထလို့ မရဘူး… နင် နင်အိမ့်က ထွက်လာပြီးတည်းက နင့်အနားကနေ တဖဝါးမှ ခွာခဲ့တဲ့ကောင် မဟုတ်ဘူး..”

“နင် ငါ့ဘေးနား တချိန်လုံးရှိနေရုံနဲ့… နင့်ကို ငါလက်ထပ်ရမယ်တဲ့လား”

“အာ့ဆို ငါကဘာလဲ.. နင့်ခန္ဒာကိုယ်ကို ငါ့ကို ပုံအပ်ခဲ့တာကရော”

“နင် ဘယ်ခေတ်မှာ နေနေတာလဲ.. ဒီခေတ်ထဲ အမှေးပါး တစ်ခုကို တစ်ဘဝစာ ထင်နေတဲ့ ယောကျာ်းမျိုးထဲ နင်ပါနေပြီလား”

“ငါပြောတာက..”

“တော်စမ်းနေနေ… ငါက စားသောက်ဆိုင်မှာ သီချင်းဆိုတဲ့ မိန်းမ… အခြေအနေအရ ယောကျာ်းတွေနဲ့ တွဲရတယ်”

“ရှေး… နင်သီချင်းဆိုတာက အပျော်… နင်ဝါသနာပါလို့ဆိုတာ.. နင်ရော ငါရော ဒီတစ်ဆိုင်လုံးသိတယ်”

ကျမ မခိုးမခန့်ပြုံးရင်း…

“ပိုက်ဆံလဲ ရတယ်လေ”

“ဒီက ပိုက်ဆံဆိုတာ နင့်အလုပ်ကရနေတဲ့ လစာရဲ့ အစွန်းထွက်တောင် မရှိပါဘူး နေနေ… နင် ဘာတွေရွဲ့ချင်နေရတာလဲ”

“တော်တော့… ငါဘာလုပ်လုပ်… ငါဘယ်လမ်းလျှောက်လျှောက်.. ငါ့ဘဝနဲ့ငါ… ငါ့ရွေးချယ်မှုနဲ့ ငါပဲ.. နင်သိထားဖို့က ငါက နင့်သူငယ်ချင်း.. နင်နဲ့ တကြိမ်တခါ မှားခဲ့ဖူးတယ်… အဲ့အမှားကို နင်နင်းပြီး.. အထပ်အထပ်အခါခါ မှားဖို့နင်ကြိုးစားတယ်.. ငါလဲ အဲ့အမှားကို လက်ခံခဲ့တဲ့အတွက် ငါတို့အတူတူ ဆက်မှားခဲ့ကြတယ်… ဒီလောက်ပဲ.. ငါနင့်ကို ဘယ်တော့မှ လက်မထပ်ဘူး… နင်က ငါ့အတွက် ထာဝရ သူငယ်ချင်း… ဘာကြောင့်လဲ မမေးနဲ့.. အဲ့အတွက် ငါ့မှာ ပေးစရာ အဖြေမရှိဘူး.. နင်ငါ့ကို ဒီအခြေအနေနဲ့ လက်မခံနိုင်ရင် ကြိုက်တဲ့အချိန် ထွက်သွားလို့ရတယ်… အိုခေ..”

ကျမ စကားအရှည်ကြီးပြောပြီး အိတ်ကိုဆွဲ အပြင်ထွက်တော့ အနောက်ကနေ လိုက်လာ… သူ့ကားပေါ် ခေါ်တယ်… စိတ်ညစ်ညူးစွာပဲ… ကျမ သူ့ကားပေါ် တက်ထိုင်လိုက်တယ်.. လိုက်မပို့ပါနဲ့လို့ ဘယ်လိုပြောပြော ပြောမရတဲ့ နေနေက ကျမကို အတင်းအကျပ်ပဲ ညီမလေးဆီ လိုက်ပို့ခဲ့တယ်…

အင်းလေ ည ၁၂ နာရီဆိုတဲ့ အချိန်က နည်းမှမနည်းတော့ပဲ.. ဒါပေမယ့် သန်းခေါင်ထက် ညဉ့်မနက်တော့တဲ့ ကျမအတွက်ကတော့.. ကျမ ခပ်ယဲ့ယဲ့လေး ပြုံးမိတယ်… အိမ်ရှေ့ ကားရပ်သံကြားတာနဲ့… ညီမလေးက အိမ်ပေါ်ကနေ ပြေးဆင်းလာတယ်..

“မမ”

နှစ်လနီးပါး မတွေ့ရတာကြာတဲ့ ကျမကို အတင်းပြေးဖက်တယ်။

“နွယ်လေး… မအိပ်သေးဘူးလား.. ဘာလုပ်နေတာလဲ”

“မမ..ဒီမှာ အိပ်မှာလား”

“ပြန်ရမယ်”

“တစ်ညလောက် ဒီမှာအိပ်ပါလား မမရယ်”

ကားပေါ်ကနေ ဆင်းလာတဲ့ နေနေက

“ဟုတ်သားပဲ ရှေး… တစ်ည အိပ်လိုက်ပါလား…ကလေးလဲ နင့်ကို လွမ်းနေမှာပေါ့”

“ဟုတ်တယ် ကိုကို… မမကို ပြောပေးပါဦး”

ကျမ နေနေ့ကို တချက်ငဲ့ကြည့်လိုက်တော့… နေနေက ပုခုံးတွန့်ပြီး မဲ့ပြတယ်… ညီမလေးက မျက်နှာလေး ငယ်ပြီး ကျမကို မော့ကြည့်တယ်… ကျမ ညီမလေး ပုခုံးကို ဖက်ရင်း

“အမေရော”

“အိပ်နေကြပြီ.. နွယ်က စာကျက်နေတာ”

“အဲ့ဒါဆို ကားလာတာ ဘယ်လိုသိလဲ”

“နွယ်က ညတိုင်း ဒီကားသံပဲ မျှော်နေတာ”

ညီမလေးရဲ့ မဝံ့မရဲ အသံလေး နားထောင်ရင်း ရင်ထဲ ဘယ်လိုမှ မကောင်းပေမဲ့လည်း..

“မမ အိမ်ထဲ မဝင်တော့ဘူး နွယ်… ညီမလေး အဆင်ပြေရဲ့လားလို့ လာကြည့်တာ… ဟိုလူနဲ့ရော..”

“နွယ်… မမနဲ့ လိုက်နေလို့ မရဘူးလားဟင်.. အခုမဟုတ်တောင် နွယ် စာမေးပွဲ ဖြေပြီးတဲ့အခါကျရင်..”

“ကြည့်ရသေးတာပေါ့ နွယ်.. အခြေအနေ အရပေါ့…ညီမလေးအတွက် မုန့်ဖိုး”

ရှေး အိတ်ထဲကနေ ၁ ထောင်တန် ၃ အုပ် ထုတ်ပေးလိုက်တယ်…

“စာမေးပွဲ အောင်အောင်ဖြေ… နှစ်ချင်းပေါက်အောင်ရင် လာခေါ်မယ်”

“တကယ်နော်… မမ”

“အင်း.. တကယ်”

ပြုံးပျော်သွားတဲ့ ညီမလေးကိုကြည့်ပြီး စိတ်ထဲမကောင်းဖြစ်ရတယ်… အဖေ နိုင်ငံခြား ထွက်ပြီး ၂ နှစ်လောက်ကြာတော့ အမေက ငယ်ချစ်ဦးဆိုတဲ့လူကို အိမ်ပေါ်ခေါ်တင်တယ်… အဲ့သတင်းကိုကြားပြီး အဖေက အိမ်ပြန်မလာတော့တာ… ၁၀ နှစ်ကျော်ပြီ…

အမေရဲ့ ငယ်ချစ်ဦးက အိမ်ပေါ်ရောက်ပြီး သိပ်မကြာပါဘူး… ကျမကို ထိကပါး ရိကပါး လုပ်လာတယ်.. အမေကွယ်ရင် မျက်လုံးက ခေါတော တစ်ထောင်အားနဲ့ ကြည့်တယ်… အမေ့ကိုပြောတော့ သူ့ငယ်ချစ်ဦးက သူကလွဲပြီး တခြားစိတ်မဝင်စားလို့ ဒီအချိန်ထိ လူပျိုဘဝနဲ့ပဲ နေလာတာတဲ့… ညည်းတို့အပေါ် စိတ်နဲ့တောင် ပစ်မှားမှာ မဟုတ်ဘူးတဲ့…

စိတ်နဲ့တော့ မပြစ်မှားဘူး.. တစ်ရက် ကျမရေချိုးနေတုန်း… အရေးကြီး သွားစရာရှိလို့ဆိုပြီး.. သူပါ ရေလာဝင်ချိုးတယ်… စိတ်ထိန်းမရတာနဲ့… ရေခပ်တဲ့ ဒန်ခွက်နဲ့ မျက်နှာကို ဖြတ်ရိုက်ခဲ့တယ်… ချောနေတဲ့ ရေချိုးခန်း ကြမ်းပြင်မှာ ရိုက်လိုက်တဲ့ အရှိန်နဲ့ သူ ချော်လဲပြီး ခေါင်းမှာ ၃ ချက် ချုပ်လိုက်ရတယ်…

အဲ့အချိန်က ကျမအသက် ၁၉နှစ်… နောက်ဆုံးနှစ်ကျောင်းသူ… ဖြစ်ချင်ရာဖြစ် အထုပ်ဆွဲပြီး အိမ်ပေါ်က ဆင်းလာတယ်… မဆင်းခင် အဲ့လူကို မှာခဲ့တယ်… ကျမ ညီမလေးအပေါ်ကို ဒီအချိုးမျိုး ထပ်ချိုးကြည့်… အသက်နဲ့ကိုယ် အိုးစားကွဲပြီသာမှတ် လို့.. တကယ်တော့ သူလဲ ဘာမှမလုပ်ရသေးသလို.. ကိုယ်လဲ ဘာမှမဖြစ်သေးဘူး… အန္တရာယ်ဆိုတာ ကြိုမသိနိုင်ဘူးမလား…

ညီမလေး လက်ကိုဆွဲပြီး ထွက်လာချင်ပေမဲ့… ကိုယ်ကိုယ်တိုင်တောင်… ဘယ်နားသွားခိုရမလဲ မသိနိုင်သေးတဲ့ဘဝ… အဖေ့ဆီကလဲ စာမလာ သတင်းမကြား…

“ရှေး…ပြန်ရအောင်”

ကားဘေးနား ရပ်စောင့်နေတဲ့ နေနေက လှမ်းခေါ်တယ်… ဘေးနားမှာ တတွတ်တွတ်နဲ့ ပြောနေတဲ့ ညီမလေး ပြောနေတဲ့ စကားတွေလဲ မကြား…

“နွယ်… မမ ပြန်တော့မယ်… စာကိုကြိုးစား.. ဆယ်တန်းလေးတော့ အောင်မှဖြစ်မယ်… နော် ညီမလေး”

“ဟုတ်.. စာမေးပွဲပြီးရင် လာခေါ်နော်”

“စိတ်ချ… အစစ အရာရာ သတိထားနော်… အခန်းတံခါးပိတ်ဖို့ မမေ့နဲ့.. အမေ မရှိရင် အိမ်ထဲမှာ မနေနဲ့… ခြံထဲမှာပဲနေ.. ကြားလား”

“ဟုတ်ကဲ့ပါ… နွယ် သတိထားပါ့မယ်”

“လိမ္မာတယ်… အာ့ဆို မမပြန်တော့မယ်”

“ဟုတ်… မမကိုချစ်တယ်”

“မမလဲ ညီမလေးကို ချစ်တယ်”

ညီမလေး နှဖူးကို ဖွဖွနမ်းရင်း ခုံပေါ်က ထတယ်… ညီမလေးက ကားနားထိ လိုက်ပို့ရင်း…

“ကိုကို… ကိုကိုတို့ ဘယ်တော့ လက်ထပ်ကြမှာလဲ”

“ကိုကိုလဲ ပြောနေတာပဲ နွယ်ရဲ့… နွယ့်မမက…”

“နွယ်… အထဲဝင်တော့ ညဉ့်နက်နေပြီ”

နွယ်က ရယ်ပြရင်း

“အာ့ဆို နွယ်ဝင်တော့မယ်… တာ့တာ.. တာ့တာ ကိုကို”

နေနေ့ကို လှည့်ကြည့်တော့ နွယ့်ကို မချိပြုံးနဲ့ လက်ပြရင်း… ကျမ ကြည့်နေတာ မြင်တော့ မျက်စောင်းထိုးတယ်.. ကျမစိတ်ထဲ ရယ်ချင်တာကို မြိုသိပ်ပြီး

“အခြောက်မကြီး ကျနေတာပဲ.. မျက်စောင်းက ထိုးနေသေးတယ်”

“ခြောက်မခြောက်.. လက်တွေ့ပြရမလား”

“ပါးကျိူးချင်သလားပြော”

နေနေက ကျမအတွက် ကားတံခါးဖွင့်ပေးရင်း…

“ကားပေါ်တက် အိမ်ရောက်မှ ခြောက်မခြောက် လက်တွေ့လဲပြမယ်… ပါးလဲ အကျိူးခံမယ်”

“သေနာကောင်”

ကျမ စိတ်ဆိုးချင် ယောင်ဆောင်ရင်း… ကားပေါ် ဝင်ထိုင်တယ်.. နေနေက နေနှင့်ဦးပေါ့ဆိုတဲ့ အကြည့်နဲ့ ကားလေးကို ကျမ တိုက်ခန်းလေးဆီ ဦးတည်တယ်.. ကျမ တိုက်ခန်းကို ရောက်တဲ့အခါ..

“နေနေ… နင် အိမ်တန်းပြန်နော်… ဟိုဝင်ဒီဝင် ဝင်မနေနဲ့… ဟဲ့ ဘယ်ကို”

ကျမ စကားကိုဆုံးအောင် နားမထောင်ပဲ ကားပေါ်ကဆင်းပြီး ကျမဘက်ခြမ်းတံခါးကို ဆွဲဖွင့်တယ်…

“တံခါးဖွင့်ပေးမှာများ… ငါပြောတဲ့ စကားလေးဆုံးအောင် နားထောင်… အမေ့ နေနေ!!”

ဘာမပြောညာမပြော ကျမ ကိုယ်လေးကို ဆွဲပွေ့ချီပြီး တံခါးကိုကိုယ်နဲ့ တွန်းပိတ်တယ်…

“ဟဲ့..အရူး… တစ်ယောက်ယောက် မြင်သွားရင် မကောင်းဘူး… ငါ့ အိတ် ငါ့အိတ်..”

ကျမ ဘယ်လိုပြောပြော သူဦးတည်နေတာ ကျမအခန်းဆီကို… ကျမ သူ့ရင်ဘတ်ကို တဘုန်းဘုန်း ထုရင်း…

“ငါ့ကို အောက်ချပေး… ငါအော်မှာနော်”

ဒုတိယအထပ်မှာရှိတဲ့ ကျမ အခန်းဆီကို သူဟာ ဘယ်ကရတဲ့ အားတွေနဲ့မှန်းမသိ ကျမကို ပွေ့ပြီး တက်လာတယ်… အခန်းရှေ့ရောက်တော့မှ ကျမကို အောက်ချပေးတယ်… ကျမ သူ့လက်မောင်းကို အားနဲ့ တစ်ချက်ထုရင်း

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top