မဖြစ်နိုင်ပါဘူး ကိုကြီးရယ်

မိုးလင်း ကတည်းက အသဲအသန် ရွာသွန်းနေသော ကိုရွှေမိုးက ညနေရောက်မှာသာ လုံးလုံးတိတ်သွားတော့သည်။ ဇွဲကိုက ဆိုင်ရှေ့မှာ ပစ္စည်းလေးတွေ ပြန်ခင်းရင်း ဈေးဝယ်သူ အလာကိုသာ ထိုင်စောင့်နေမိတော့သည်။ မိန်းမက ဆိုင်အတွင်းက စက်ချုပ်ရင်း ညည်းသံသဲ့သဲ့ကို ကြားမိတော့ ပြုံးမိပြန်သည်။

ကျွန်တော့်နာမည်က ဇွဲကို ပါ။ အမျိုးသမီး နာမည်က မိုးမြင့်သူ ပါ။ ကျွန်တော်က စက်ရုံတစ်ရုံမှာ စာရေးလုပ်တယ်။ သူကတော့ အရင်က အထည်ချုပ်စက်ရုံလုပ်ရင်း ကျွန်တော်နဲ့ ညားပြီးတော့ စက်ချုပ်သင်တန်းလေးတက်ကာ ဆိုင်လေးဖွင့်လိုက်တာ မထင်မှတ်ပဲ အဆင်ပြေသွားတော့ ဆိုင်လေးကို တိုးချဲ့ စက်ချုပ်ပစ္စည်း (အပို) လေးတွေပါ ရောင်းဖြစ်ခဲ့တယ်။ အိမ်ထောင်ကျတာ နှစ်နှစ်ကျော် သုံးနှစ်နီးပါးသာ ဖြစ်လာခဲ့တယ် ကလေးတော့ မယူရသေးဘူး။ စီးပွားရှာကောင်းနေတုန်းမို့လည်း ပါတာပေါ့ဗျာ၊၊

ဟိုတွေးဒီတွေး တွေးနေရင်း ရောက်လာသော ဈေးဝယ်သူကြောင့် ဇွဲကို ထရပ်လိုက်ရင်းက

“ဘာယူမလဲ ညီမ”

“ဟုတ် အစ်ကို ဟိုဟာ ထုပ်သီးလေး ဝယ်ချင်လို့”

“ဟုတ်ကဲ့ ရပါတယ် ညီမ ဒီဘက်မှာပါ၊ လိုချင်တဲ့ အရောင်ရှိရင်လည်း ပိတ်စပါလာရင် ရိုက်ပေးပါတယ်”

“ဟုတ်ကဲ့ အဖြူလေးပဲပေးပါ၊ တစ်ထုပ် ဘယ်လောက်လည်းဟင်”

“ဆယ်လုံးပါတယ် ညီမ၊ တစ်ထုပ် သုံးရာပါ”

“ဟုတ် တစ်ထုပ်ပေးပါ ပြီးတော့…”

ဇွဲကိုလည်း ကောင်မလေး ယူသမျှတွေကို ကျသင့်ငွေတွက်ရင်း ပိုက်ဆံပြန်အမ်းပြီးတော့ ပြန်ထိုင်လိုက်ရင်း ဆိုင်ထဲက ထွက်သွားသော ကောင်မလေးရဲ့ နောက်ပိုင်းအလှကို မထင်မှတ်ဘဲ ကြည့်မိလိုက်သည်။

“အင်း အိုးကောင်းတာပဲဟ ဟိဟိ” ဟု စိတ်ထဲက ကျိတ်ပြစ်မှားရင်း အတော်ဝေးဝေးထိ လိုက်ကြည့်မိလိုက်တော့သည်။

“အဟမ်း အဟမ်း” ဟု အိမ်ထဲက မိန်းမရဲ့ သတိပေးချောင်းသံကြားမှ မသိသလိုလို ဘာလိုလိုနဲ့ မျက်မှာလွှဲမိသည်။

ကောင်မလေး နာမည်က မြတ်ဝတ်ရည်ချိုတဲ့။ နောက်ရက်တွေ ဈေးလာဝယ်ရင်း ရင်းနှီးသွားတော့ သူပြောပြတာပါ။ မြတ်ဝတ်ရည်ချိုက အဒေါ်တွေနဲ့ အထည်ချုပ်လာလုပ်ရင်း အဝေးသင်တက္ကသိုလ် တတိယနှစ် တက်နေသူ ဖြစ်တယ်။ အသက်က ၂၀ ပဲ ရှိသေးတယ်။ လက်ရှိ ရည်းစားတော့ မထားရသေး (နောက်က ထပ်ကြပ်မကွာ လိုက်နေသော အဒေါ်တွေကြောင့်ဆို ပိုမှန်ပါတယ်)။ သူ့အဒေါ်တွေကလည်း အဒေါ်သာပြောတာ အသက်က ဆယ်နှစ်ခန့်သာ ကွာတာမို့ နောက်က ဘယ်သွားသွား အမြဲပါနေတော့ တော်ယုံ ယောကျာ်းလေး မကပ်ရဲတာလည်း ပါပါတယ်။ ကိုယ်ကလည်း အိမ်ထောင်သည်ဆိုပေမဲ့ ၂၄ ခန့်သာ ရှိတာမို့ သူနဲ့တော့ အသက်သိပ်မကွာတော့ ခဏလေးနဲ့ ရင်းနှီးသွားကြတာပါ။

အဲ တစ်ခုတော့ ပြောချင်တယ်ဗျ။ ကျွန်တော်က အိမ်ထောင်သည်ပေမယ့် မိန်းမနဲ့က သိပ်အဆင်မပြေဘူး။ ဘာလို့လည်းဆိုတော့ သူက ကိုယ်လုပ်ချင်သလို ပေးမနေဘူးဗျ။ အလုပ်ပင်ပန်းတယ် စောစောအိပ်တယ် ဘာဖြစ်လို့ ညာဖြစ်လို့ ဆိုပြီး အကြောင်းပြတော့ လင်မယားကိစ္စ သိပ်အဆင်မပြေပါဘူးဗျာ။ ပြသနာက အဲ့မှာစတာပါပဲ။ သူက အဲ့လိုတွေ လုပ်တော့ ကျွန်တော့်စိတ်တွေက ဈေးလာဝယ်သူ ချောချောလှလှ ကောင်မလေးတွေကိုပြစ်မှား သူကသဝန်တို ပြသနာတွေဖြစ်နဲ့ တော်တာ် စိတ်ပျက်စရာ ကောင်းတယ်ဗျာ။

တစ်နေ့ ကျွန်တော်က လမ်းထိပ် ဈေးသွားဝယ်ရင်း ရှေ့က လျှောက်သွားနေတဲ့ မြတ်ဝတ်ရည်ကိုတွေ့တော့ စိတ်က ဘာဖြစ်တယ် မသိပါဘူးဗျာ။ သွားနေတဲ့ လမ်းကြောင်းပြောင်းပြီး သူ့နောက်ကို စက်ဘီးလေး အသာနင်းလို့ လိုက်ခဲ့တယ်။ အနောက်ကနေကြည့်တော့ တင်ဝိုင်းဝိုင်းလေးနှစ်လုံးက တစ်လုံးတက် တစ်လုံးဆင်းနဲ့ သိပ်လှတာပဲဗျာ။ မကောင်းတတ်တာနဲ့ ရှေ့ကိုကြိုသွားပြီး လိုတာလေးဝယ်ပြီး စောင့်နေမိတယ်။

ခဏနေတော့ သူလည်း ဈေးတန်းကို ငေးရင်း ကျွန်တော့်ကို မြင်သွားပုံပေါ်တာနဲ့

“မြတ်ဝတ်ရည် ဈေးလာဝယ်တာလား ညီမလေး”

“ဟုတ်တယ် ကိုကြီး ၊ ကိုကြီးရော ဘာတွေဝယ်တာတုန်း”

“အစုံပါပဲဟာ ခုလဖက်ရည် သောက်မလို့၊ သောက်ပါဦးလား၊ အစ်မကော လာပါ ကျွန်တော်တိုက်ပါ့မယ်”

ဆိုတော့ သူ့အဒေါ်က အင်တင်တင်နဲ့ဗျ။ ဒါပေမယ့်လည်း လိုက်လာရှာပါတယ်။ ကျွန်တော်လည်း သူတို့အတွက်ပါ မှာပေးပြီး ဟိုမေးဒီမေး မေးရင်း ကောင်မလေးအဒေါ်က

“ဝတ်ရည် ခဏနေဦး ငါ ဟိုရှေ့မှာ ဈေးသွားဝယ်လိုက်ဦးမယ်”

ဆိုကာ ထထွက်သွားတယ်။ အဲ့တော့မှ ကျွန်တော်လည်း ဝတ်ရည် တကိုယ်လုံးကို သိမ်းကြုံးကြည့်မိတော့တယ်။ မျက်ခုံးကောင်းကောင်းလေးရယ်၊ နှုတ်ခမ်းမွှေးလေး ခပ်မဲမဲလေးတွေရယ် ရင်ခုန်ချင်စရာဗျာ။ စပို့ရှပ်လေး ဝတ်ထားတဲ့ အောက်က ရင်အစုံက သိပ်မကြီးပေမယ့် အောက်က ခါးသေးသေးရယ် ကောက်ချိတ်နေတဲ့ တင်လေးရယ်ကြောင့် ဝတ်ရည်က တော်တော်လှပါတယ်။

“ဟိတ် ဆရာကြီး ဘာတွေကြည့်နေတာလည်း လူကို မမြင်ဖူးတဲ့ အတိုင်းပဲ”

“အင်း ဝတ်ရည်က အရမ်းလှနေတော့လေ ကြည့်မိတာပါ”

“အိုး မလှပါဘူး”

လို့ ပြုံးယောင်ယောင်လေးနဲ့ ပြောလိုက်ပေမယ့် သူ့မျက်လုံးလေးတွေက ကျေနပ်ကြောင်း ပြနေလေရဲ့။ သူ့အဒေါ် ပြန်မလာခင် ရိသဲ့သဲ့ ထပ်ပြောပေမဲ့ ဝတ်ရည်က ပြုံးစိစိနဲ့ဆိုတော့ စိတ်မဆိုးဘူးလို့ ထင်ပါတယ်။ အဲ့တာနဲ့ ဖုန်းနံပါတ်တောင်းပြီး မှတ်လိုက်ကာ သူ့အဒေါ် ပြန်ရောက်လာတာနဲ့ စကားစဖြတ်ရင်း လမ်းခွဲကာ ပြန်ခဲ့လိုက်တော့တယ်။

ဒီလိုနဲ့ လေးငါးလလောက်ထိ ဝတ်ရည်နဲ့ အွန်လိုင်းပေါ်မှာတွေ့ စကားတွေ မထိတထိလေးတွေ ပြောကြရင်း တစ်နေ့တော့ သူကျွန်တော့်ကို မေးလာပါလေရော။ ကျွန်တော်လည်း သိတဲ့အတိုင်း ခပ်ညံ့ညံ့ ယောကျာ်းတို့ လုပ်နေကြပုံအတိုင်း ချစ်တယ်တို့ ဘာတို့ ပလီပလာပြောလိုက်တော့တယ်ဗျာ။

သူက မနက်ဖြန် သူကျောင်းသွားအပ်တော့မှာမို့ အလုပ်ဖွင့်ရက် ဖြစ်နေတော့ အဒေါ်တွေ မလိုက်နိုင်ကြောင်း ဖြစ်နိုင်ရင် လိုက်ပို့ပေးပါ ပြောလာတော့ ကျွန်တော်လည်း လိုက်ပို့ပေးမယ်လို့ ကတိပေးလိုက်တယ်။

———————————-

“မောင် ဒီနေ့ဘယ်သွားမလို့လည်း လှလှပပတွေဝတ်လို့”

“ဟ အလုပ်ကို အမြဲသွားနေတာ၊ စုတ်စုတ်ပြတ်ပြတ်နဲ့ တစ်ခါတစ်လေများ ဝတ်စားထားရင် မင်းကအစပြောတော့မယ်၊ ရုံးရောက်ရင် ပိုဆိုးပြီ၊ သွားမယ်ကွာ စောစောစီးစီး ဘာတွေမေးနေမှန်း မသိဘူး”

“စတာပါ မောင်ရယ် မက မောင် ဒီလို ဝတ်စားနေလို့ အပြစ်ပြောဖူးလို့လား”

“မစနဲ့ ကျွန်တော် မကြိုက်ဘူး”

လို့ ပြောလိုက်တော့ မိန်းမမျက်နှာ ပျက်သွားတာ သတိထားလိုက်မိတယ်။

“ဟိုလေ မ ဒီရက်ထဲ နေသိပ်မကောင်းချင်ဘူး၊ ရင်ထဲလည်း သိပ်မကောင်းဘူး၊ ခေါင်းတွေလည်း မူးမူးနေလို့”

“မူးမှာပေါ့ နင်က ညညကျ ဆယ်နာရီလောက်ထိအလုပ်လုပ်နေမှတော့ မမူးခံနိုင်မလား၊ ငါပြောသားပဲ အလုပ်ကို ညနက်ထိ မလုပ်ပါနဲ့ ဆိုတာကို နင်နားထောင်လို့လား၊ တော်ပြီဟာ မပြောနဲ့တော့ သွားတော့မယ်”

လို့ပြောကာ ကျွန်တော် ထွက်လာခဲ့တော့တယ်။ လမ်းထိပ်ရောက်တော့ ဝတ်ရည်က အသင့်စောင့်နေတာတွေ့လို့ ပြုံးပြလျက်

“ဝတ်ရည် စောင့်နေရတာ ကြာပြီလား ဆောရီးနော် အိမ်ကတစ်ယောက်က ရစ်နေလို့”

“ရပါတယ် ကိုကြီး ၊ ဟိုးမှာ ကားလာနေပြီ သွားရအောင်”

“အင်း လာ လာ”

ကားပေါ်ရောက်တော့ ကျောင်းကိုပဲ တန်းသွားလိုက်ကာ သူမလုပ်စရာရှိတာတွေကို နောက်ကလျှောက်လိုက်ပေးရင်း ဆယ်နာရီခွဲခန့် ရောက်တော့ သူမ ကျောင်းအပ်ခြင်း ကိစ္စက ပြီးပြတ်သွားလေသည်။

“ကိုကြီး ဗိုက်ဆာပြီလား ဆိုင်တစ်ဆိုင်ဆိုင် ထိုင်လေ”

“အင်း”

လို့ဆိုကာ ကျောင်းကန်တင်းဘက် လျှောက်လာရင်း ဆိုင်တစ်ဆိုင်မှာ ဝင်ထိုင်ကာ စားသောက်ရင်းမှ မနေ့ကအကြောင်း စကားစမိတော့တယ်။

“ညီမလေး ကိုကြီး မနေ့က ပြောထားတာလေးကို ပြန်ဖြေဦးလေ”

“အော် ကိုကြီးမှာ မိန်းမနဲ့လေ၊ မဖြစ်နိုင်ပါဘူး ကိုကြီးရယ်”

“အာ ညီမလေးကလည်း ကိုကြီးတို့ အိမ်ထောင်ရေးအကြောင်းလည်း သိရဲ့သားနဲ့ အဆင်မှမပြေတာကို၊ ကိုသူနဲ့ ကွာရှင်းတော့မှာပါ”

“ဟို ညီမကလေ အဲ့လို အဲ့လိုတော့ မဖြစ်စေချင်…”

“တော် တော်ပါတော့ ညီမလေး အစ်ကိုသိပါပြီ အဲ့လောက်ဆို”

“ဟို မဟုတ် အဲ့လိုတော့လည်း မဟုတ်ပါဘူး”

“အဲ့တာဆို ကိုကြီး အခု တစ်နေရာသွားမယ် မင်းလိုက်မှာလား”

“ဘယ် … ဘယ်ကိုလည်းဟင်”

“မမေးနဲ့ လိုက်မှာလား မလိုက်ဘူးလား”

“ဟို… ဟို”

“ကဲပါ ဟိုတွေ ဒီတွေ လုပ်မနေနဲ့ သွားမယ် ထ… လာ”

လို ပြောရင်း သူမလက်ကလေးကို ပိုင်စိုးပိုင်နင်းကိုင်ကာ ဇွဲကိုတို့ ထိုင်ရာက ထွက်ခဲ့ရင်း ကျောင်းရှေ့က တက္ကဆီ တစ်စီးကို ငှားရင်း ကားပေါ်တက်ခဲ့တော့သည်။ တစ်လမ်းလုံးလည်း စကားမပြောဖြစ်ကျ။ တည်းခိုခန်း တစ်ခုရှေ့ ရောက်တော့ ကားခ ရှင်းကာ ခပ်တည်တည်ပဲ အခန်းငှားရင်း ကောင်မလေး လက်ဆွဲကာ အခန်းထဲ ဝင်ခဲ့လိုက်တော့သည်။

တည်းခိုခန်းအတွင်း ရောက်တော့ ဝတ်ရည်ကစပြီး ငိုပါလေတော့သည်။ ဇွဲကိုလည်း ခြေမကိုင် လက်မကိုင်မိနဲ့ ရင်တွေပါ တုန်သွားသည်။

“ညီမလေး ဘာဖြစ်လို့လည်း၊ ဘာလို့ငိုရတာလည်းကွာ”

“အဟင့် ဟီး အီး အင့် ရွှတ် အစ်ကိုကြောင့်ပေါ့”

“ဟမ် အစ်ကို ဘာလုပ်လို့တုန်း”

“အစ်ကို စိတ်ဆိုးမှာစိုးလို့ ဘယ်သွားမလည်း မမေးခဲ့တာပါ၊ အခု အစ်ကိုက ခေါ်လာတော့ တည်းခိုခန်းကိုလား၊ အစ်ကိုပြောတော့ ညီမကို ချစ်တယ်ဆို၊ ဒါအစ်ကိုချစ်တဲ့ အချစ်လား၊ ညီမလေးဘက်ကိုရော နည်းနည်း ထည့်မတွေးပေးတော့ဘူးလား၊ အဟီးဟီး ဟင့် ဟင့်”

“မဟုတ်… မဟုတ်ရပါဘူး ဝတ်ရည်ရယ်၊ ဝတ်ရည် ထင်သလို မဟုတ်ရပါဘူး၊ အစ်ကိုက… အစ်ကိုက အိမ်ထောင်သည် တစ်ယောက်ပါ၊ ဝတ်ရည်ဘက်ကို ထည့်တွေးပေးလို့၊ တခြားသူမြင်ရင် ဝတ်ရည်ကို သိတဲ့သူမြင်ရင် အထင်သေးမှာစိုးလို့၊ အခုလိုလုံခြုံ လူမသိတဲ့ နေရာမှာ အေးဆေး စကားပြောရအောင် ခေါ်ခဲ့တာပါ၊ အစ်ကို့စေတနာ အမှားတွေပါ”

“မပြောပါနဲ့တော့… ကိုကြီးရယ် အခု ဝတ်ရည် ပြန်ချင်ပြီ၊ ဝတ်ရည်ကို ပြန်ပို့ပေးပါနော်”

“အင်းပါ ဝတ်ရည် အစ်ကို့ကို ထပ်အထင်မလွဲစေရပါဘူး၊ လာ… အခုပြန်ပို့ပေးမယ်”

“အွမ်း …”

ဟုဆိုရင်း ဝတ်ရည်က စလင်းဘတ် အိတ်လေးထဲမှ မှန်သေးသေးလေးကိုထုတ်ရင်း ခရင်မ်ပတ် နည်းနည်းပြန်ရိုက်ကာ ထထွက်ခဲ့တော့သည်။ အိမ်ပြန်လမ်းတလျှောက်လည်း နှစ်ဦးသား စကားမဆိုမိကြ၊ လမ်းတလျှောက် ဝတ်ရည်က သူ့လက်ကိုအားကိုးတကြီး ဆုပ်ကိုင်ကာ သူ့လက်မောင်းကို မှီတွယ်ရင်း တိတ်ဆိတ်ကာ လိုက်ပါလာရင်း ကားပေါ်ကအဆင်း နှုတ်ဆက်မှ

“မနက်ဖြန် ဖုန်းဆက်နော် ကိုကြီး”

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top